ညောင်ရွှေမြို့ရှိ အခြေခံပညာကျောင်းများ၌ ခြင်ဆေးဖြန်းခြင်းနှင့် ရေတွင်းရေကန်များအတွင်း ခြင်နှိမ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ညောင်ရွှေ မေ ၂၁

အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှင့် ခြင်ပုန်းခြင်ကြားများ ခိုအောင်းပေါက်ဖွားမှုမရှိစေရေး၊ ပိုလောက်လန်းများ မပေါက်ဖွားရေးအတွက် ကျောင်းဝန်းအတွင်းရှိ ရေတွင်းရေကန်များအတွင်း လောက်လန်းနှိမ်နှင်းရေး ဆေးများခပ်ခြင်း၊ ကျောင်းစာသင်ခန်းများနှင့် ဝန်းကျင်တွင် ခြင်နှိမ်ဆေးမှုတ်ခြင်းလုပ်ငန်းများ ယနေ့နံနက်(၉)နာရီက ညောင်ရွှေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဆေးခပ်ခြင်းနှင့် ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတိုးရ၊  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာလင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်ကျန်းမာရေးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ မြို့နယ်မိခင်နှင့်အလေးစောင့်ရှောက်ရေးအသင်းတို့မှ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စိုင်းအယ်ဘဲ