အမြို့မြို့အနယ်နယ်သတင်းများ

Apr 01,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ၁၉၆၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ တက်ရောက် ပညာသင်ကြားခဲ့ကြသော ကျောင်းသား/ကျောင်းသူဟောင်းများ၏ ဆဋ္ဌမအကြိမ်မြောက် အငြိမ်းစားသက်ကြီး ဆရာ/ဆရာမကြီး များအား အာစရိယပူဇော်ပွဲ အခမ်း အနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်း နိုင်ငံ့ရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။
Apr 01,2023
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ကျန်းမာရေးဦးစီးဌာန မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ယနေ့နံနက် ၉ နာရီအချိန်က မွေးကင်းစမှ (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
Apr 01,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံ အားကစားသင်တန်းများဖြစ်သည့် တိုက်ကွမ်ဒို၊ အေရိုးဗစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က အ.ထ.က (ကျောက်တံတား) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 01,2023
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်(ဗဟန်း)၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Book Club ပြန်လည်ဖွဲ့စည်း ခြင်းကို ယနေ့ နေ့လယ် ၁ နာရီက ရန်ကုန်အနောက်ပိုင်း ခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 01,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အရှေ့ပိုင်းခရိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံ အားကစား ဘောလုံး၊ တိုက်ကွမ်ဒို၊ ကရာတေးနှင့် အေရိုးဗစ် သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃နာရီအချိန်က ပဒေသာ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Apr 01,2023
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အမှတ်(၁) အ​ခြေခံပညာ အထက်တန်း ကျောင်းအောင်ဆန်းခန်းမ၌ ယနေ့ နံနက် ၈ နာရီ ၃၀ အချိန်က အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော ၂၀၂၃ ခုနှစ် နွေရာသီ အခြေခံ အားကစားသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပကြောင်း သိရသည်။
Apr 01,2023
ကျိုက်မရော မြို့နယ်တွင် အသက်တစ်နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီ မှ စတင်ကာကလိုင်းကနိုင်ကျေးရွာဆေးခန်း၌  ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။
Apr 01,2023
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ် ၂ နာရီခွဲ အချိန်က အသိပညာဗဟုသုတ ရရှိစေရန် အတွက် ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။