ကျောက်တံတားမြို့နယ်၌ နွေရာသီအားကစားအခြေခံသင်တန်းဆင်းပွဲပြုလုပ်

ကျောက်တံတား ဧပြီ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံအားကစားသင်တန်း များဖြစ်သည့် တိုက်ကွမ်ဒို၊ အေရိုးဗစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီ အချိန်က အ.ထ.က (ကျောက်တံတား) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်လှလှဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူ လေးများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွေမှာ အချိန်မဖြုန်းဘဲ မိမိတို့အတွက် အကျိုးရှိမည့် အတတ်ပညာများကို သင်ယူတတ်မြောက်ကြစေလို ကြောင်း၊ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားကို လိုက်စားသင့်ပါကြောင်း၊ နိုင်ငံ ကိုယ်စားပြုအားကစားသမားကောင်း မပေါ်ထွက်လာစေချင်ကြောင်း၊ အားကစားအဆင့်အတန်း မြင့်မားလာစေရေးအတွက် ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ပြီး အားကစားနည်းအလိုက် သင်တန်းသား၊ သင်တန်းသူများက သရုပ်ပြကစားနေမှုအား မြို့နယ်ပညာရေးမှူး ဒေါ်လှလှဝင်းနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)