သာကေတမြို့နယ်၌ ၂၀၂၃ ခုနှစ် နွေရာသီအ​​ခြေခံ အားကစားသင်တန်းဆင်းပွဲကျင်းပ

သာကေတ ဧပြီ ၁

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အမှတ်(၁) အ​ခြေခံပညာ အထက်တန်း ကျောင်းအောင်ဆန်းခန်းမ၌ ယနေ့ နံနက် ၈ နာရီ ၃၀ အချိန်က အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော ၂၀၂၃ ခုနှစ် နွေရာသီ အခြေခံ အားကစားသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ရန်ကုန်အရှေ့ပိုင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြား ရေးမှူး ဦးရဲကျော်သူမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ဆက်လက်ပြီး နွေရာသီအခြေခံ အားကစားဘောလုံး သင်တန်းနည်းပြ​ချုပ်နှင့် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌတို့အား ထောက်ပံ့စရိတ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး သူရိန်ဇော်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သန်းတို့မှ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် နွေရာသီဘောလုံး​၊ ဘော်လီဘော သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ခဲ့သည်။ ထို့နောက် မြို့နယ်ပညာ ရေးမှူး ဒေါ်ခင်အုန်းဝင်းမှ ကျေးဇူးတင်အမှာစကားပြောကြားကာ ကျောင်းသား၊ ကျောင်းသူများမှ Physical Fitness Dance ဖြင့် သရုပ်ပြဖျော်ဖြေပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသားလူငယ်များ ​ဗလငါးတန် ဖွံ့​ဖြိုးစေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် အခြေခံအားကစားနည်းသင်တန်းများဖြစ်သည့် ဘောလုံး၊ ဘော်လီဘော အားကစားနည်းသင်တန်းအား (၁.၃.၂၀၂၃)ရက်နေ့မှ (၁.၄.၂၀၂၃)ရက်နေ့အထိ ၄/တောင်ရပ်ကွက် အားကစားကွင်းနှင့် အမှတ်(၂)အခြေခံပညာ အလယ်တန်းကျောင်း အားကစားကွင်း များ၌ အခမဲ့ဖွင့်လှစ်သင်ကြားပေးခဲ့ရာ မူလတန်း​၊ အလယ်တန်းအဆင့် ကျောင်းသား လူငယ် (၁၂၀)ဦးခန့် တက်ရောက် သင်ကြားခဲ့ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)