တောင်ဥက္ကလာပ ဧပြီ ၁
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အရှေ့ပိုင်းခရိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံ အားကစား ဘောလုံး၊ တိုက်ကွမ်ဒို၊ ကရာတေးနှင့် အေရိုးဗစ် သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃နာရီအချိန်က ပဒေသာ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထူးလွင်က သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် နွေရာသီသင်တန်းမှာသင်ယူခဲ့တဲ့ အားကစားနည်းတွေကို အမြဲမပြတ် လေ့ကျင့်ကြိုးစားကြမည်ဖြစ်ကြောင်းနှင့် နိုင်ငံ့ဂုဏ်ဆောင်မည့် ထူးချွန် ထက်မြက်သော အားကစားသမားများဖြစ်လာအောင် လေ့ကျင့်ကြိုးစားကြစေလိုကြောင်း အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ တောင်ဥက္ကလာပမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်မြတ်မိုးက ကရာတေးဒိုသင်တန်းနည်းပြနှင့်ကရာတေးဒိုအဖွဲ့အား ဂုဏ်ပြုငွေနှင့် သင်တန်းဆင်းလက်မှတ် ပေးအပ်ခြင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးအောင်သန်းက တိုက်ကွမ်ဒိုသင်တန်းနည်းပြနှင့် တိုက်ကွမ်ဒိုအဖွဲ့အား ဂုဏ်ပြုငွေနှင့် သင်တန်းဆင်း လက်မှတ်ပေးအပ်ခြင်း၊ သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌဦးထူးလွင်က အေရိုးဗစ်သင်တန်းနည်းပြနှင့် အေရိုးဗစ်အဖွဲ့အား ဂုဏ်ပြုငွေနှင့် သင်တန်းဆင်း လက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့သည်။
ထိုနောက် ကရာတေးဒိုသင်တန်းသားများ၊ တိုက်ကွမ်ဒိုသင်တန်းသားများ၊ အေရိုးဗစ် သင်တန်းသားများမှ သရုပ်ပြသတင်ဆက်ခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သတင်းရသည်။
သီတာအေး(ပြန်/ဆက်)