မြင်းခြံမြို့တွင် အသိပညာဗဟုသုတများ ရရှိစေရန် ဟောပြောပွဲပြုလုပ်

မြင်းခြံ ဧပြီ ၁

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ် ၂ နာရီခွဲ အချိန်က အသိပညာဗဟုသုတ ရရှိစေရန်အတွက် ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထိန်းလင်းက သတိပြုဖွယ် သတင်းမှားအန္တရာယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးဌာနမှ မီးဘေးအမှု အစဉ်သတိပြုကြပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပညာရေးဦးစီးဌာနမှ တန်ဖိုးထားတတ်ခြင်းဖြင့် တန်ဖိုးမြင့်သူဖြစ်ပါစေ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ နေ့စဉ်အားကစားနှင့် ကျန်းမာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲသို့ မြို့နယ်မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။                                                                            

ကျော်စွာ(မြင်းခြံ)