အမြို့မြို့အနယ်နယ်သတင်းများ

Jul 14,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူသည် ယမန်နေ့က ဝမ်မန်းကျေးရွာအုပ်စုရှိ Home Quarantine ထားရှိသူများအား တာဝန်ရှိသူများ နှင့်အတူ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
Jul 14,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၌ ယနေ့ နေ့လည်ပိုင်းအထိ မြို့နယ်ကျန်းမာရေး ဦးစီး ဌာန၏ RDT Test Kit ဖြင့် စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာအသစ် (၂၁) ဦး ထပ်မံတွေ့ရှိကြောင်း သိရသည်။
Jul 14,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေး ကော်မတီ နှင့် အထောက်အကူပြုကော်မတီ(၆)ရပ်တို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Jul 14,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး၌ ဌာနဆိုင်ရာများနှင့် ပြည်သူများ ပူးပေါင်းအားဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ ညနေပိုင်းအချိန်က ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့က ရပ်ကွက်နှင့် ကျေးရွာ များအတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို မော်တော် ယာဉ်(၂)စီးဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
Jul 14,2021
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်အတွင်း Quarantine Centre များတွင် ထားရှိသူများအား ယမန်နေ့က RDT Test Kit ဖြင့် နမ့်ဆန်မြို့နယ်လုံးဆိုင်ရာ တက်ကြွ လူငယ် ပရဟိတအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများက စစ်ဆေးမှုများ ထပ်မံပြုလုပ်ခဲ့ရာ ကိုဗစ်(၁၉) အတည်ပြုလူနာ ထပ်တိုး(၂)ဦး ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း (၉) ဦးထိ ရှိလာကြောင်း သိရသည်။
Jul 14,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ နုကေသီစံအား ကိုဗစ်-၁၉ ရောဂါ နှင့် ပတ်သတ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့ နေ့လယ် ၂ နာရီ အချိန်ခန့်က တွေ့ဆုံမေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြသည်။
Jul 14,2021
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်တွင် ကိုဗစ်(၁၉)ပိုး တွေ့လူနာ(၁၆)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ဇူလိုင်လ ၁၃ ရက်နေ့ ညထုတ်ပြန်ချက်အရသိရသည်။
Jul 14,2021
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်တွင် ကိုဗစ်(၁၉)ပိုး တွေ့လူနာ(၁၆)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ဇူလိုင်လ ၁၃ ရက်နေ့ ညထုတ်ပြန်ချက်အရသိရသည်။