အမြို့မြို့အနယ်နယ်သတင်းများ

May 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးရှိ ပညာရတနာ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
May 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဖျာပုံမြို့ အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်ကျောင်းနှင့် PTTEP International Limited (Yangon Branch) တို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက် အကူပြု " အလှပြင်သင်တန်းဖွင့်ပွဲ အခမ်းအနားကို မေလ (၂၉)ရက်နေ့ နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်ကျောင်းခန်းမ၌ ကျင်းပ ပြုလုပ်သည်။
May 29,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ နမ္မဒါဘိုးဘွားရိပ်သာဝင်းအတွင်း၌ ဆုတောင်းပြည့်နဂါးရုံဘုရား တည်ထားကိုးကွယ်ရန် ရတနာအုတ်မြစ်တော်ချခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်အချိန်က အဆိုပါရိပ်သာ၌ ကျင်းပဆောင်ရွက်ခဲ့သည်။
May 29,2023
မန္တ​လေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၌  မျိုးဆက်သစ် လူငယ်မောင်မယ်များနှင့် ကျောင်းသား၊ကျောင်းသူများ ဗုဒ္ဓအဆုံးအမ တရားတော်များနှင့်အညီ ယဉ်ကျေးလိမ္မာစွာ ပြုမူပြောဆိုနေထိုင်တတ်စေရန်ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့်  တတိယအကြိမ်အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ဆိပ်ကမ်းရပ်ကွက် "ရွှေဝါဝင်း"ခန်းမ၌ ကျင်းပခဲ့သည်။
May 29,2023
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား လှည်းကူးမြို့ ပြည်သူ့ဆေးရုံကြီးတွင်ယနေ့ နံနက် ၉ နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
May 29,2023
ဓာတုနည်းပညာဖြင့် ပြုလုပ်ထားသည့် ပလပ်စတစ် (ကြွပ်ကြွပ်အိတ်)များ အသုံးပြုခြင်းကြောင့် နှစ်စဥ်ရင်ဆိုင်ကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ် ကျရောက် နေမှုများ လျော့နည်းကျဆင်းစေပြီး သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်၊  “ပလပ်စတစ် ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့”၊ ကြွပ်ကြွပ်အိတ် လျှော့ချသုံးစွဲရေး အတွက် ရည်ရွယ်ကာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနက ဦးဆောင်၍ ယနေ့နံနက် ၁၀ နာရီက ကန့်ဘလူမြို့မ စည်ပင်သာယာစျေး၌ သတင်းစာ စက္ကူအိတ်များ၊ ပညာပေးလက်ကမ်းစာစောင်များ၊ စတစ်ကာကပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 29,2023
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်သည် အဖွဲ့ဝင်များ၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်တို့ လိုက်ပါလျက် ယနေ့နံနက် ၇နာရီခွဲအချိန်က ပန်လုံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပန်လုံမြို့ရှိ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ပြည်သူများနှင့်တွေ့ဆုံခဲ့သည်။
May 29,2023
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၊ အောင်သူရိန်ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲ အချိန်တွင်၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပခဲ့သည်။