Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လိပ်သိုမြို့ မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများ သဘာဝဘေးဒဏ်ကြောင့် ဓာတ်အားပြတ်တောက်မှုမရှိစေရန် ကြိုတင်ကာကွယ်စစ်ဆေး ပြုပြင်ထိန်းသိမ်းရေးလ…
May 29,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများသည် မိုးဦးကာလနှင့် မိုးရာသီကာလများတွင် သဘာဝဘေးဒဏ်များကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရန် ကြိုတင်ကာကွယ်စစ်ဆေးပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက် လျက် ရှိကြသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မြောင်းမြခရိုင်အတွင်းရှိ မြို့နယ်များအား နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေ မတည်ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ပွဲနှင့်…
May 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ မြစိမ်းရောင်တောင်သာသနာ့နယ်မြေ၊ ပေ ၁၀၀-၂၀၀ သုဒဿန တန်စောင်းတော်ကြီးတွင် ယမန်နေ့က မြောင်းမြခရိုင်အတွင်းရှိ မြို့နယ် ၃ မြို့နယ်အား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ မတည်ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ပွဲနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေပေးအပ်ခြင်း၊ တောင်သူများအား မျိုးစပါးများ လှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ
May 29,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီ အချိန်ခန့်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ မြသံလွင်ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းတုံမြို့ ဥယျာဉ်ကျောင်းတိုက်၌ (၅)ကြိမ်မြောက်အသံမစဲအဘိဓမ္မာ(၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ
May 29,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့မရပ်ကွက်ရှိ ဥယျာဉ်ကျောင်းတိုက်၌ (၅)ကြိမ်မြောက် အသံမစဲအဘိဓမ္မာ (၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉း၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ထားဝယ်မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ
May 29,2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ထားဝယ်မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ ရှေးဦးစွာ ကျောင်းသား/သူများက“ မြန်မာ့ကျောင်းသီချင်း” ဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်သည်။
အပြည့်အစုံ ဖတ်ရန်
လောက်ကိုင်မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူကုန်ကူးမှုပပျောက်ရေး အသိပညာပေး(Talk Show) ရိုက်ကူးထုတ်လွှင့်
May 29,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်တွင် လူကုန်ကူးမှုပပျောက်ရေး အသိပညာပေး(Talk Show) ရိုက်ကူးခြင်းကို လောက်ကိုင်မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့မွန်းလွဲပိုင်းအချိန်က ရိုက်ကူးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးဒေသတွင် ရာသီပေါ် သီးနှံဖြစ်သည့် ပေါ်ဦးပေါ်ဖျား မင်းကွတ်သီးများ ဈေးကောင်းရရှိ
May 29,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့တွင် ဒေသခံ ပြည်သူများသည် ဥယျာဉ်ခြံလုပ်ငန်းများဖြစ်သော နှစ်ရှည်ပင်များကို အဓိက စိုက်ပျိုးလုပ်ကိုင် လျက်ရှိရာ မင်းကွတ်သီးပင်များကို နှစ်ရှည်ခံပင်များနှင့် တွဲဖက်၍ တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ မင်းကွတ်ပင်များသည် စိုက်ပျိုးပြီး (၁၅)နှစ် ခန့်တွင် အသီးများ စတင်သီးပြီး မိုးဦးကာလဖြစ်သော မေလ မှ သြဂုတ်လအထိ အသီးသီးကာ အပင်ငယ်တစ်ပင်လျှင် အသီးအလုံးရေ (၁၀၀ မှ ၃၀၀)လုံး အထိ လည်းကောင်း၊ အပင်ကြီး တစ်ပင်လျှင် အသီးအလုံးရေ (၄၀၀ မှ ၈၀၀) လုံးအထိ အသီးရှိကြောင်းနှင့် ယခုနှစ် မေလနောက်ဆုံးပတ်တွင် ပေါ်ဦးပေါ်ဖျား မင်းကွတ် သီးများ ဈေးကောင်းရရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ် (၁၁)ကေဗွီဓါတ်အားလိုင်း ကြံ့ခိုင်ကောင်းမွန်ရေးအတွက် ဓါတ်တိုင်နှင့်လိုင်းကြိုးများ ပြုပြင်ထိန်းသိမ်းဆောင်ရွက်
May 29,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်း ဓါတ်အားပြတ်တောက်မှုအကြိမ်ရေလျော့နည်းရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ဓါတ်အားလိုင်းကြံ့ခိုင်ကောင်းမွန်ရေးနှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရန်ရည်ရွယ်၍ ငဖဲမြို့(၁၁)ကေဗွီဓါတ်အားလိုင်းတစ်လျှောက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ဓါတ်တိုင်နှင့်လိုင်းကြိုးများ ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခြင်းကို ငဖဲမြို့လျှပ်စစ်မန်နေဂျာနှင့် ဝန်ထမ်းများ၊ ကျေးရွာပြည်သူများ ပူးပေါင်းအဖွဲ့က ယနေ့နံနက် ၇ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
11335
Page
11336
Page
11337
Page
11338
Current page
11339
Page
11340
Page
11341
Page
11342
Page
11343
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department