အသက်တစ်နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်

ကျိုက်မရော  ဧပြီ ၁

ကျိုက်မရော မြို့နယ်တွင် အသက်တစ်နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီ မှ စတင်ကာကလိုင်းကနိုင်ကျေးရွာဆေးခန်း၌  ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံ ရာတွင်  ကျိုက်မရောမြို့နယ်အတွင်းရှိ ရပ်ကွက် ၄ ခုမှ အသက်တစ်နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးများဖြစ်သည့် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊အသည်းရောင် အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင် ၅မျိုးစပ် ကာကွယ်ဆေး ပိုလီယို အကြောသေ ဝက်သက် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး၊ ပြင်း ထန်ဝမ်းပျက် ဝမ်းလျော ရောဂါ စသည့် ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်လောင်းများအား မေးခိုင်ကာကွယ်ဆေးများကို သတ်မှတ်ထားသည့် ဆေးထိုးစုရပ်များ၌ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း   ကလိုင်းကနိုင် ကျေးရွာ ကျန်းမာရေးဌာနခွဲ မှ သားဖွားဆရာမ ဒေါ်နီနီအေးထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)