ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ Book Club ပြန်လည်ဖွဲ့စည်း

ဗဟန်း ဧပြီ ၁

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်(ဗဟန်း)၊  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Book Club  ပြန်လည်ဖွဲ့စည်း ခြင်းကို ယနေ့ နေ့လယ် ၁ နာရီက ရန်ကုန်အနောက်ပိုင်း ခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက Book Club ဖွဲ့စည်းခြင်းဖြင့် စာအုပ်စာစောင် ချစ်မြတ် နိုးသူများ၊ စာပေဝါသနာရှင်များ၊ စာဖတ်သူများ မကြာခဏ တွေ့ဆုံကြရခြင်းဖြင့် အချင်းချင်းရင်းနှီးမှု ရရှိစေရန်၊ စာပေအသိ အမြင်များ အပြန်အလှန်နှီးနော ဖလှယ်ပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ မိမိတို့ သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးတတ်တဲ့ အလေ့အကျင့်ကောင်းများ ရရှိစေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် Book Club အသင်း ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ တက်ရောက်လာသူများမှ ရှင်းလင်းချက်များအပေါ် ပြန်လည်အကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့သို့  Book Club အသင်းဖွဲ့စည်းရာတွင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးတွဲဘက် အတွင်း‌ရေးမှူးနှင့် အဖွဲ့ဝင်အသီးသီး ဖွဲ့စည်းခဲ့ ပြီး တက်ရောက်လာသူများက ပြန်လည်အကြုံပြု ဆွေးနွေးခဲ့ကြ ကာ လူထုအခြေပြုဗဟိုဌာန၌ လစဉ်စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲ များ ပြည်သူများသို့ အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စန္ဒာမိုး