Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုခါမုန်တိုင်းဒဏ်သင့်ဒေသများသို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ငွေကျပ် (၁,၂၅၀,၀၀၀) ကျပ်လှူဒါန်း
Jun 09,2023
မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သည့် ရခိုင်ပြည်နယ်အပါအဝင် ဘေးသင့်ဒေသများသို့ မိုခါမုန်တိုင်းကြောင့် ဖြစ်ပေါ်လာသော ထိခိုက်မှုများအား ကူညီပံ့ပိုးပေးရေးအတွက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းကိုယ်စား ဒုတိယဥက္ကဋ္ဌ (၂) ဦးရဲဝင်းနှင့် ယာယီအထွေထွေအတွင်းရေးမှူး ဦးကျော်ဇေယျတို့မှ ငွေကျပ် (၁,၂၅၀,၀၀၀) ကျပ်ကို ယမန်နေ့က ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) သို့လာရောက်လှူဒါန်းခဲ့ရာ UMFCCI Task Force အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်နှင့် အဖွဲ့ဝင် ဦးမျိုးသန့်တို့မှ လက်ခံရယူခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများထုတ်ပြန်
Jun 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တွင် ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ယနေ့ နံနက်ပိုင်းက သက်ဆိုင်ရာစာစစ်ဌာနများတွင် ထုတ်ပြန်ကပ်ထားကြေညာခဲ့ပြီး စာစစ်ဌာန (၁၁)ခုတွင် ဝင်ရောက်ဖြေဆိုသူ(၁၆၂၀)ဦးရှိရာ အောင်မြင်သူဦးရေ (၁၀၁၉)ဦး ရှိပြီး အောင်ချက်ရာ နှုန်း (၆၂.၉၀%) ဖြေဆိုအောင်မြင်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ ကျောက်ပန်းတောင်းမြို့နယ်တွင် ဘာသာစုံဂုဏ်ထူးရှင် ၄ ဦးထွက်ပေါ်၊ အောင်ချက်ရာခိုင်နှုန်း ၇၇.၉၇ ရာခိ…
Jun 09,2023
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇွန်လ(၉)ရက် နံနက်(၆)နာရီမှ စတင်၍ တစ်နိုင်ငံလုံး တစ်ပြိုင်နက် ထုတ်ပြန်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စာစစ်ဌာန(၄)ခုနှင့် မြို့နယ်ပညာရေးမှူးရုံးတို့၌ အောင်စာရင်းမျာကို ကြော်ငြာဘုတ်များတွင် ကပ်၍ ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကျန်းမာရေးစောင့် ရှောက်မှုများ အခမဲ့ ဆောင်ရွက်ပေး
Jun 09,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ရဟန်းရှင်လူပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်မိသားစုဝင်များ၊ ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများကို အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိရာ ဇွန် ၉ ရက်နံ နက်ပိုင်းက ကန့်ဘလူမြို့ စည်ပင်သာယာခန်းမ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရမ်းဗြဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် (၆၈.၁၉) ရာခိုင်နှုန်းအထိ အောင်မြင်မှုရှိ
Jun 09,2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်သူများစာရင်းအား မြန်မာနိုင်ငံတစ်ဝှမ်းရှိ သက်ဆိုင်ရာမြို့နယ်အသီးသီး၏ မြို့နယ်ပညာရေးမှုးရုံးများနှင့် စာစစ်ဌာနများတွင် ယနေ့နံနက် ၆ နာရီမှ စတင်၍ ထုတ်ပြန်လျက်ရှိရာ ရမ်းဗြဲမြို့နယ်၌ အဆိုပါ တက္ကသိုလ်ဝင်တန်းအောင်စာရင်းအား ကျောင်းသား၊ကျောင်းသူများနှင့် ကျောင်းသားမိဘများက လာရောက်ကြည့်ရှုလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်အတွင်းရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူ ၄၁၇၂ ဦးရှိ
Jun 09,2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိကျင်းပခဲ့ရာ ယနေ့နံနက်ပိုင်း အောင်စာရင်းများထုတ်ပြန်ချက်အရ ပြည်နယ်အတွင်းရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူ ၄၁၇၂ ဦး ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆွမ်ပရာဘွမ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်
Jun 09,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် တန်း စာမေးပွဲအောင်စာရင်းများကို မြို့နယ်ပညာရေးမှူးရုံးနှင့် အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက်(၆)နာရီက စတင်၍ ထုတ်ပြန်ကြေငြာပေးထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ
Jun 09,2023
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာ စာစစ်ဌာနများတွင် ယနေ့နံနက်ပိုင်းမှစတင်ကာ ထုတ်ပြန်ကြေညာပေးထားသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
11040
Page
11041
Page
11042
Page
11043
Current page
11044
Page
11045
Page
11046
Page
11047
Page
11048
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department