မုဒုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ

မုဒုံ ဇွန် ၉

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာ စာစစ်ဌာနများတွင် ယနေ့နံနက်ပိုင်းမှစတင်ကာ ထုတ်ပြန်ကြေညာပေးထားသည်။

မုဒုံမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန (၂) ခုမှ ဖြေဆိုသူ ကျား (၂၁၇) ဦး၊ မ (၄၅၇) ဦး စုစုပေါင်း (၆၇၄) ဦးရှိရာ (၆) ဘာသာဂုဏ်ထူးရှင် ကိုးဦး၊ (၅) ဘာသာဂုဏ်ထူးရှင် (၁၅) ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် (၂၂) ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၃၄)ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၈၄)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၁၃၅)ဦး၊ ရိုးရိုးအောင်မြင်သူ (၂၈၃) ဦးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ပြီး ရာခိုင်းနှုန်းအနေဖြင့် ၈၆ ဒသမ ၃၅ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သားငယ် (ပြန်/ဆက်)