အမြို့မြို့အနယ်နယ်သတင်းများ

Jun 09,2023
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် အောင်ကျော်မင်း ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များနှင့် အတူ ယမန်နေ့မွန်းလွဲပိုင်းက အမ်းမြို့၊ အမှတ်(၃) စျေးရပ်ကွက် ရွှေအမ်းတောင်ခန်းမ၌ ကျင်းပပြုလုပ်သည့် မုန်တိုင်းကြောင့် လေဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
Jun 09,2023
ရန်ကုန်တိုင်းဒေသကြီး ၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၄ နာရီကအခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန(၇)နှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ထုတ်ပြန်ကြေညာခဲ့ရာ ကျောင်းသားကျောင်းသူစုစုပေါင်း ၆၂၃ ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။
Jun 09,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်း သား/သူများအား ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့ ညနေ၃နာရီက ပြသခဲ့ကြောင်း သိရသည်။
Jun 09,2023
၂၀၂၃-ခုနှစ် မတ်လအတွင်း ကျင်းပပြုလုပ်ခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲကို ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်မှ စာစစ်ဌာန(၉)ခုတွင် ကျောင်းသားကျောင်းသူပေါင်း(၉၉၄)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ဇွန်(၉)ရက်နေ့တွင် ထုတ်ပြန်သည့်အောင်စာရင်းအရ ဖြေဆိုအောင်မြင်သူပေါင်း (၆၀၅)ဦးရှိ၍ ရာခိုင်နှုန်းအားဖြင့် (၆၄.၇၈)ရာခိုင်နှုန်းရှိကြောင်း သိရှိရသည်။
Jun 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လည် ၂ နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများဖြင့် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
Jun 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့မနေခြည်ဈေးရှေ့တွင် ယနေ့နံနက်က e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များကောက်ယူ မှတ်ပုံတင် ခြင်းလုပ်ငန်းဆိုင်ရာ "e-ID စနစ်ဆောင်ရွက်လို့ လူမှုစီးပွားမြှင့်တင်စို့"အသိပညာ ပေးလက်ကမ်းစာစောင်များကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရန် ဖြန် ဝေပေးခဲ့ကြသည်။
Jun 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများထုတ်ပြန်ခြင်းကို ယနေ့နံနက်(၆)နာရီက မြို့နယ်ပညာရေးမှူးရုံးနှင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ထုတ်ပြန်ထားရှိရာ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများကလာရောက်ကြည့်ရှုကြကြောင်း သိရသည်။