အမြို့မြို့အနယ်နယ်သတင်းများ

Jun 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ဇွန်လ(၁၂)ရက်နေ့တွင် ကျရောက်မည့် ကလေးအလုပ်သမားပပျောက်ရေးနေ့ အထိမ်းအမှတ်(အကြို) ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ(၁:၃၀)နာရီက မြို့နယ်စက်မှုဇုန်(၁)စီမံခန့်ခွဲရေးကော်မတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကလေးအလုပ်သမားဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က လော်ပန်ဘီစကစ်မုန့်စက်ရုံ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
Jun 09,2023
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ၂၀၂၃ ခုနှစ် မတ်လတွင် ကျင်းပခဲ့သည့်  တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၃၆၀) ဦးဝင်ရောက်ဖြေဆိုရာ  အောင်မြင်သူ (၂၈၂)ဦး ရှိကြောင်း သိရှိရသည်။
Jun 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီအချိန်က စာစစ်ဌာန(၄)ခုတို့တွင် ထုတ်ပြန်ကြေညာရာ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘ ညီအကို မောင်နှများနှင့် ဆွေမျိုးများ လာရောက် ကြည့်ရှုလျက်ရှိသည်။
Jun 09,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာ မေးပွဲအောင်မြင်သူများစာရင်းအား ယနေ့နံနက် ၆ နာရီ အချိန်မှစတင်၍ ထုတ်ပြန်လျက်ရှိရာ ကျောင်းသူ/ကျောင်းသားများနှင့် ကျောင်းသားမိဘများက လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
Jun 09,2023
ရန်ကုန်တိုင်းဒေသကြီး၊‌ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ်  မတ်လ ၈ရက်နေ့တွင် ပြုလုပ်ခဲ့သည့် တက္ကသိုလ်၀င်ခွင့်စာမေးပွဲအောင်စာရင်းကို စာစစ်ဌာန(၁)ဖြစ်သည့် အ.ထ.က(၁) စာသင်ကျောင်းတွင် ယနေ့နံနက်ပိုင်းကထုတ်​ပြန်လျက်ရှိကြောင်း သိရသည်။
Jun 09,2023
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့ အခြေခံပညာအထက်တန်းကျောင်း (မြောက်အင်း)တွင် ယနေ့ နံနက်ပိုင်း အချိန်က ထုတ်ပြန် ကြေညာခဲ့ရာ ၄၀ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။
Jun 09,2023
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသို မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ဝန်းသို)တွင် ယနေ့ နံနက် ၆ နာရီအချိန်က ထုတ်ပြန် ကြေညာခဲ့ရာ ၆၆ ဒသမ ၆၇ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။