အမြို့မြို့အနယ်နယ်သတင်းများ

Jun 09,2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပညာရေးဝန်ကြီးဌာန၊အခြေခံပညာဦးစီးဌာနမှ ၂၀၂၃ခုနှစ်၊ မတ်လ(၈)ရက်နေ့၌ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာစစ်ဌာနများ အသီးသီးတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား ပြလုပ်ကျင်းပခဲ့ရာ ဇွန်လ ၉ရက်နေ့ ယနေ့နံနက်ပိုင်းအချိန်က မြန်မာနိုင်ငံစာစစ်ဌာနမှ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို နိုင်ငံတစ်ဝန်းလုံး၌ တစ်ပြိုင်နက်တည်း ထုတ်ပြန်ကြေညာပေးခဲ့ရာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှ ၇၁.၅၃% ရာခိုင်နှုန်းဖြင့် အောင်မြင်ခဲ့ကြောင်းသိရသည်။
Jun 09,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို  ဇွန်လ ၉ ရက်နေ့က  မြို့နယ်ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင်  နံနက်(၆)အချိန်မှစတင်၍ ထုတ်ပြန်ကြေညာလျက်ရှိကြောင်းသိရသည်။
Jun 09,2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများစာရင်းအား မြန်မာနိုင်ငံတစ်ဝှမ်းရှိ သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ မြို့နယ်ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ယနေ့နံနက်(၆)နာရီ အချိန်မှစတင်၍ ထုတ်ပြန်လျက်ရှိကြောင်း သိရသည်။
Jun 09,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပရိယတ္တိသာသနပါဒကကျောင်းကြီးစာသင်တိုက်၌ (၄၃)ကြိမ်မြောက် ပရိယတ္တိသာသနပါဒကစာမေးပွဲ အောင်လက်မှတ်နှင့် အောင်ဆုချီးမြှင့်ဆက်ကပ်သည့် ဆုနှင်းသဘင်အခမ်းအနားကို ယနေ့နေ့လယ်(၁)နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့မှ ပြုလုပ်ခဲ့သည့် တက္ကသိုလ်၀င်ခွင့်စာမေးပွဲအောင်စာရင်းကို  ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာစာစစ်ဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ထုတ်ပြန်ထားကြောင်း သိရသည်။
Jun 09,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်တွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ယနေ့ နံနက်ပိုင်းက ခရိုင်ပညာရေးမှူးရုံးနှင့် အထက ကျောင်းတို့တွင် ထုတ်ပြန်ကြေ ညာခဲ့သည်။
Jun 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက်(၆)နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ထုတ်ပြန်ကြေညာပေးထားလျက်ရှိကြောင်းသိရသည်။
Jun 09,2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပခဲ့ရာ ယနေ့နံနက်ပိုင်းတွင် အောင်စာရင်းများ ထုတ်ပြန်ခဲ့ရာတွင် အ.ထ.က(မအီ)နှင့် အ.ထ.က(လမူးမော်) စာစစ်ဌာနတို့မှ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုအောင်မြင်သူ ၇၆ ဦးရှိကြောင်း သိရသည်။