အမြို့မြို့အနယ်နယ်သတင်းများ

May 21,2026
မွန်ပြည်၊ပေါင်မြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သဘာဝမြေဩဇာ ထုတ်လုပ်နည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၁၀)နာရီက သဲဖြူကုန်းကျေးရွာအုပ်စု၊ ကန်ဖြူကျေးရွာခန်းမ၌ ပြုလုပ်ခဲ့သည်။
May 21,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့နယ်ပညာရေးမှူးရုံးမှ ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက်(၇)နာရီအချိန်က အထက်ပိုင်းရပ်ကွက် မြို့မလူငယ် လေ့ကျင့်ရေးဘောလုံးကွင်း(သဲကွင်း)ရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 21,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မိုးရာသီ၌ ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရန်နှင့် ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်အတွက် မြို့နယ်အတွင်းရှိ နေအိမ်များနှင့် အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခပ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။
May 21,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံများကို ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်ကြရာ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးမြေပဲ ဧက ၂၀၀၀၀ ကျော် လျာထား စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
May 21,2026
မွန်ပြည်နယ်၊ သထုံခရိုင်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နေ့လယ်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
May 21,2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင်၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့မှပူးပေါင်း၍ မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ်ဆိုင်ရာရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို မေ ၂၁ ရက် နံနက်၉ နာရီအချိန်က ပငကျေးရွာ ကြက်တညင်စေတီ ဓမ္မာရုံ၌ ကျင်းပသည်။
May 21,2026
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ ပင်စင်စားအငြိမ်းစားဝန်ထမ်းများအတွက် ပင်စင်လစာများကို လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
May 21,2026
ကရင်ပြည်နယ်၊ ဘားအံခရိုင် လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍  ​ ကြက်တူရွေး ကျေးရွာ၌ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့များထောက်ပံ့ပေးအပ်ခြင်းနှင့် ထည့်သွင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနားကို မေ ၂၁ ရက် နံနက်ပိုင်းက ကျင်းပသည်။