အမြို့မြို့အနယ်နယ်သတင်းများ

May 21,2026
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဆန်နှင့်စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
May 21,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေးအတွက် ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သည့် မေလ (၂၅) ရက်မှ (၃၁) ရက်နေ့အား ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေးနေ့ အသိပေးနှိုးဆော်ခြင်း မြေစိုက်ပိုစတာအား ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်မင်းထွဋ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီခေတ္တဥက္ကဋ္ဌ ရဲမှူးကျော်စိုးထွန်းနှင့်တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်မိရပ်ဖများက မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် ယနေ့နံနက် (၈) နာရီခွဲ အချိန်က စိုက်ထူခဲ့ကြကြောင်း သိရသည်။
May 21,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အတွက် “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာစိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက်(၈)နာရီက ကော့မှူးမြို့နယ်မြို့မဈေးရှေ့၊ မြို့နယ်ပညာရေးမှူးရုံးရှေ့နှင့် အခြေခံပညာ အထက်တန်းကျောင်း (ကော့မှူး)ရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
May 21,2026
ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရန် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးဆိုင်းဘုတ် စိုက်ထူပွဲကို မေ ၁၉ ရက်နေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က (အ.ထ.က) အုတ်ဖိုရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
May 21,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ ခြင်မှတဆင့်ကူးစက်ဖြစ်ပွားသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များပူးပေါင်း၍ မေလ ၂၀ ရက်နေ့၊နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၌ အသိပညာ‌ပေး စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
May 21,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ခရိုင်မီးသတ် ဦးစီးမှူးဦးစိုးမိုးထွန်းနှင့် မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များတွေ့ဆုံပွဲ အား ယမန်နေ့ ညနေ (၅) နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင်ကျင်းပပြုလုပ်သည်။
May 21,2026
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက် ၉ နာရီက စုပေါင်းရုံးလမ်းထိပ်နှင့် ဂျိုးဖြူကန်လမ်းထိပ်တွင် စုပေါင်းစိုက်ထူကြသည်။
May 21,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ဆေးရုံတွင်နိုင်ငံတော်အစိုးရ၏ရက် (၁၀၀) စီမံချက်အား အကောင်အထည်ဖော်ဆောင်မှုအနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ မြို့နယ်စည်ပင်ဝန်ထမ်းများနှင့် ကုန်တင်ကုန်ချအလုပ်သမားများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် လိုအပ်သော ကုသမှုများပေးခြင်းကို ယနေ့နံနက် (၈)နာရီ (၃၀)မိနစ်အချိန်ကဆောင်ရွက်ခဲ့သည်။