ဟုမ္မလင်းမြို့၌ စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယကတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုဓလေ့များအားလေ့လာကြည့်ရှု

ဟုမ္မလင်း မေ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်လေးပိုနှင့် ဟုမ္မလင်းခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ပပစိုးနှင့်အဖွဲ့ဝင်များ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဒုံစေ့နှင်အဖွဲ့ဝင်များက တိုင်းရင်းသားရိုးရာယဥ်ကျေးမှုဓလေ့များ လေ့လာကြည့်ရှုအားပေးခြင်းကို ယနေ့မွန်းလွဲ (၂) နာရီခန့်က ဟုမ္မလင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ သွားရောက်လေ့လာခဲ့ကြသည်။

ဟုမ္မလင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ဟုမ္မလင်းမြို့နယ်ရှိ ရှမ်းနီလူမျိုးတို့၏ ရိုးရာယဥ်ကျေးမှုဓလေ့အသုံးအဆောင်ပစ္စည်းများနှင့် နာဂလူမျိုးတို့၏ ရိုးရာယဥ်ကျေးမှုဓလေ့အသုံးအဆောင်ပစ္စည်းများအား လှပဝေဆာစွာ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

အဆိုပါ ဟုမ္မလင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ခင်းကျင်းပြသထားသော တိုင်းရင်းသားရိုးရာယဥ်ကျေးမှု ဓလေ့အသုံးအဆောင်များကို စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်လေးပို၊ ဟုမ္မလင်းခရိုင်အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌူနှင့် အဖွဲ့ဝင်များ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စိတ်ဝင်စားစွာလေ့လာခဲ့ကြပြီး၊ သိရှိလိုသည်များကို ဒေသခံတိုင်းရင်းသားများအား မေးမြန်းခဲ့ကြရာ ဒေသခံတိုင်းရင်းသားများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပြီး၊ ဟုမ္မလင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ သုတ/ရသစာအုပ်စာစောင်များ လှူဒါန်းခဲ့ကြောင်းသိရသည်။

ဟုမ္မလင်း (ပြန်/ဆက်)