ကော့သောင်းမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာများ စိုက်ထူ

ကော့သောင်း  မေ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာများကို  လူစည်ကားရာနေရာများတွင် စိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းက  ဆောင်ရွက်သည်။

မြေစိုက်ပိုစတာများ စိုက်ထူရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ‌ ဦးနိုင်လင်းထက်နှင့် ကော်မတီဝင်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး‌‌နှင့် ပညာရေးဌာနမှ ဆရာ၊ ဆရာမများက နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်း‌အပ်နှံကြပါစို့ မြေစိုက်ပိုစတာကို ကော့သောင်းမြို့ ပိတောက်ရွှေဝါရပ်ကွက်ရှိ အဝိုင်းပတ်တွင် စိုက်ထူခဲ့ကြသည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ၂၀၂၆ခုနှစ် မေ၂၅ရက်မှ ၃၁ရက်အထိ  ဆောင်ရွက်သွားမည်ဖြစ်ပြီး ဇွန်(၁)ရက်တွင် ကျောင်းများစတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)