အမြို့မြို့အနယ်နယ်သတင်းများ

May 21,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ပထမ ရက်(၁၀၀) စီမံချက်ဖြင့် ကျန်းမာရေးအသိပညာမြှင့် တင်ရေးလုပ်ငန်းများ၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
May 21,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူခြင်းကို မေလ(၂၁)ရက်နေ့ နံနက်(၉း၃၀)နာရီအချိန်က ရွှေတောင်မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် ပြုလုပ်သည်။
May 21,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ်ကြောင့် ပြည်သူတို့၏ အသက်အိုးအိမ်များဆုံးရှုံးမှုမရှိစေရန်၊ မီး‌လောင်မှုလျှော့နည်းပပျောက်စေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာလုပ်ငန်းများနှင့် စက်ရုံအလုပ်ရုံများ မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းကို မေလ ၂၀ ရက်နေ့က ဆောင်ရွက်ခဲ့သည်။
May 21,2026
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူများအား အသိပညာဗဟုသုတများ တိုးပွားရရှိ‌ပြီး စာဖတ်ရှိန် ပိုမိုမြင့်မားလာစေရန် ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (Mobile Library Bus) ဖြင့် ဝန်ထမ်းများ၊ပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူများ လက်ဝယ်အရောက် စာအုပ်များ သွားရောက်‌ငှားရမ်းပေးလျက်ရှိရာ ယနေ့ မေလ -၂၁ ရက်‌နေ့တွင် အင်းစိန်မြို့နယ်‌ စည်ပင်သာယာရေးဦးစီးဌာရုံးနှင့် အကျဥ်းဦးစီးဌာနဝန်ထမ်းအိမ်ရာများထံသို့ သွားရောက်ပြီး သုတ/ရသ စာအုပ်၊စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့သည်။
May 21,2026
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူခြင်း အခမ်းအနားအား အဆိုပါကျောင်းရှေ့၌ ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 21,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်ခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့၀င်များက ကျေးရွာ၊ ရပ်ကွက်များနှင့် ဘုန်းကြီးကျောင်းများတွင် ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။