အမြို့မြို့အနယ်နယ်သတင်းများ

Jun 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၁၂ခုနှစ်လယ်ယာမြေဥပဒေ၊ နည်းဥပဒေများအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Jun 15,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆို ပြိုင်ပွဲများ ဆောင်ရွက်ပေးခဲ့သည်။
Jun 15,2023
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၌ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jun 15,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးကောင်း၊ မျိုးသန့် တိုးပွားစေရန်နှင့် တစ်ဧကအထွက်နှုန်းတိုးပွားစေရန် ရည်ရွယ်၍ တောင်သူများအား အနီးကပ် စိုက်ပျိုးရေးစနစ်များကို အချိန်မီပညာပေးလျက်ရှိပြီး ယခုနှစ်မိုးရာသီတွင် မိုးစပါးစိုက်ဧက(၁၁၀၂၆၂)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
Jun 15,2023
မကွေးတိုင်းဒေသကြီးမှ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှု ဆုတံဆိပ်များရရှိခဲ့သည့် ပြိုင်ပွဲဝင်အားကစားသမားများနှင့် နည်းပြတို့အား တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ထပ်ဆင့်ဂုဏ်ပြုပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊
Jun 15,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက အမှတ်(၆)ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ယာဥ်အန္တရာယ်လမ်းအန္တရာယ် ကင်းရှင်းရေးကြိုတင်ကာကွယ်အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ပါသည်။
Jun 15,2023
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အသေးစားကုန်ထုတ်လုပ်မှုလုပ်ငန်းများဖန်တီးပေးနိုင်ရေး၊ မိသားစုဝင်ငွေတိုးရေးနှင့် ဘေးဒဏ်သင့် ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးနိုင်စေရေး တို့ကို ရည်ရွယ်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တိုက်ကြီးမြို့နယ် အဖျောက်မြို့ ရေပေါ်သောင်ကျေးရွာအုပ်စုရှိ မအူကုန်းကျေးရွာဓမ္မာရုံ၌ ဖွင့်လှစ်ကြောင်းသိရသည်။