ညောင်တုန်း ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၁၂ခုနှစ်လယ်ယာမြေဥပဒေ၊ နည်းဥပဒေများအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အတွင်းရေးမှူးဦးလှမျိုးတို့က လယ်ယာမြေလုပ်ပိုင်ခွင့်ရသူများ၏ အခွင့်အရေး၊ လိုက်နာရမည့်စည်းကမ်းချက်များ၊ လယ်ယာမြေ လုပ်ပိုင်ခွင့်အငြင်းပွားဖြေရှင်းခြင်းနှင့် အယူခံခြင်းစသည့် ၂၀၁၂ခုနှစ်လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အကျယ်တဝင့်ဆွေးနွေးကြောင်းသိရသည်။
မြို့နယ် (ပြန်ဆက်)