နတ်တလင်း ဇွန် ၁၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးကောင်း၊ မျိုးသန့် တိုးပွားစေရန်နှင့် တစ်ဧကအထွက်နှုန်းတိုးပွားစေရန် ရည်ရွယ်၍ တောင်သူများအား အနီးကပ် စိုက်ပျိုးရေးစနစ်များကို အချိန်မီပညာပေးလျက်ရှိပြီး ယခုနှစ်မိုးရာသီတွင် မိုးစပါးစိုက်ဧက(၁၁၀၂၆၂)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
နတ်တလင်းမြို့နယ်တွင် မိုးစပါးစိုက်ဧက(၁၁၀၂၆၂)ဧကတွင် ကြဲခင်းစိုက်ဧက(၄၁၈၆၇) လျာထားဧကတွင် (၃၈၂၀၀)ဧက၊ ပျိုးထောင်စိုက်ဧက(၃၆၈၆၂) လျာထားဧကတွင် (၅၁၁၀၂)ဧက၊ Drum Seederစိုက်ဧက (၃၁၅၃၃)လျာထားဧကတွင် (၈၂၁၈)ဧက၊ စုစုပေါင်းစိုက်ဧက (၄၇၀၉၅)ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်း ကျန်ရှိသော စိုက်ဧကများအား အချိန်မီပြီးစီးအောင် စိုက်ပျိုးနိုင်စေရေး မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီအဖွဲ့မှ ကျေးရွာများအရောက်ကွင်းဆင်း၍ တောင်သူများအား အသိပညာပေးဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
ဝေယံဖြိုး(ပြန်/ ဆက်)