အမြို့မြို့အနယ်နယ်သတင်းများ

Jun 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက် နိုင်ရေး၊ အဘိတ်ဆေးခတ်ခြင်းများကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jun 15,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြည်သူများတန်ဖိုးသင့်စားသောက်ကုန်များ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် ယနေ့နံနက် ၆ နာရီက ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ဈေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
Jun 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများနှင့် အခြားစီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နိုင်ငံစီးပွားမြှင့်တင်ရေး မတည်ထောက်ပံ့ငွေများအား လုပ်ငန်းရှင်များထံသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်သည်။
Jun 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ‌ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကုန်ဈေးနှုန်းများအား သတ်မှတ်ဈေးနှုန်းများအတွင်း ရောင်းချမှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
Jun 15,2023
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ကြသည့် ကချင်ပြည်နယ်မှ မြန်မာ့လက်ရွေးစင်အားကစားသမားများအား ကချင်ပြည်နယ်အစိုးရအဖွဲ့က ဂုဏ် ပြုချီးမြှင့်ပွဲ အခမ်းအနားကို ဇွန် ၁၄ ရက် နံနက် ၁၀ နာရီက ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်း ရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ကြသည်။
Jun 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနနှင့် ပုသိမ်ခရိုင်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ငပုတောမြို့တောင်ပိုင်းရပ်ကွက်ဒေါနလမ်းတွင် ဆီတစ်ပိဿာ (၄၁၀၀) ကျပ်ဖြင့် ဒေသခံပြည်သူများကို သက်သာသော စျေးနှုန်းဖြင့်ရောင်းချပေးလျက်ရှိကြောင်း သိရသည် ။
Jun 15,2023
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေ ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။