အမြို့မြို့အနယ်နယ်သတင်းများ

Jun 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မြေဆီလွှာအတွင်း ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် လမ်းမတော်တောင်ရပ်ကွက် ဒိုက်အင်းကျေးရွာ တောင်သူ ဦးလှရွှေ၏ လယ်မြေ (၇) ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 15,2023
ရခိုင်ပြည်နယ်၊​ စစ်တွေခရိုင်၊ ​ပေါက်တောမြို့ ၌ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) လေပြင်းတိုက်ခတ်မှုကြောင့် အ.ထ.က ပေါက်တောကျောင်းဝင်းအတွင်း၌ ပျက်စီးသွားသည့် အဆောက်အဦအပိုင်းအစများအား ရှင်းလင်းရေးကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Jun 15,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များလှည့်လည်ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jun 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံစားသောက်ကုန် ပစ္စည်းများအား စျေးနှုန်းမှန်ကန်စွာ ရောင်းချခြင်း ရှိ/မရှိ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများက ယနေ့ နံနက်(၉)နာရီအချိန်က ကြံခင်းမြို့နယ် မြို့မဈေးအတွင်း/အပြင်ရှိ အခြေခံစားသောက်ကုန် ဈေးရောင်းချနေသောဆိုင်များသို့ ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
Jun 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် မန်ဟဲကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ယနေ့နံနက်(၉)နာရီက အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 15,2023
ပဲခူးတိုင်းဒေသကြီး၊ ​တောင်ငူခရိုင်၊ ​ရေတာရှည်မြို့နယ်​၌ သမဝါယမနှင့်ကျေးလက်​ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန​၊ ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ၂၀၂၃-၂၀၂၄ ဘဏ္ဏာ​ရေးနှစ် အသက်​မွေးဝမ်းကျောင်းအ​ထောက်အကူပြု ဆပ်ပြာချက်ပြုလုပ်နည်းသင်တန်းဖွင့်ပွဲကို ယ​မန်နေ့နံနက်(၁၀)နာရီအချိန်က ခင်တန်းကြီးကျေးရွာအုပ်စု၊ နတ်​ရေတွင်း​ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 15,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများ၊ လူငယ်လူရွယ်များ၊ ကျောင်းသူကျောင်းသားများမှ အသိပညာဗဟုသုတ ရရှိစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ် သိရှိစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့နေ့လည် (၂) နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး Talk Show ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။