အမြို့မြို့အနယ်နယ်သတင်းများ

Jun 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်အတွင်း အများပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေး၊  လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး၊ မြို.တော်အဂါရပ်နှင့် အညီလှပတင့်တယ်စေရေးအတွက် မင်းရဲကျော်စွာလမ်းနှင့် နှင်းဆီလမ်းတလျှောက်ရှိ လမ်းမီးများပြုပြင်ခြင်းကို  ယနေ့ နံနက်ပိုင်းက  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်းရှိ၊ ခရိုင်နှင့်မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးသို့ ဇွန်လ ၁၄ ရက်နေ့ နေ့လယ် ၁၄း၃၀ နာရီခန့်က ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တိုင်းရွှေဂုံအရောင်းဆိုင်လာရောက်၍ သန့်ရှင်းလတ်ဆတ်သော စားသောက်ကုန်များအား လာရောက်ရောင်းချ​ပေးခဲ့ပါသည်။
Jun 16,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပေါ်ရပ်ကွက်များ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေးလုပ်ငန်းများကို အစဉ်တစိုက်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက်၊ ပိတောက်ရွှေဝါလမ်း ရေမြောင်းပိတ်ဆို့နေမှုအား မြို့စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးညီညီလွင်၊ တာဝန်ခံအင်ဂျင်နီယာ ဦးမြတ်မင်းဟန်၊ ဝန်ထမ်းများနှင့် အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်တို့ လိုက်ပါလျက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။`
Jun 16,2023
ရန်ကုန်တိုင်းဒသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်ထောင်မြို့နယ်တွင် ဘေးအန္တရာယ်ကင်းရှင်း၍ စားသုံးရန်သင့်လျော်သော အစားအသောက်ရရှိရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈:၃၀ အချိန်က ဗိုလ်တထောင်မြို့နယ် ကုန်သည်လမ်းစည်ပင်သာယာရေးကော်မတီ ၁၂ ထပ်ခွဲရုံး ဒုတိယထပ်၌ ကျင်းပပြုလုပ်သည်။
Jun 16,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများမှကလေးများ သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက်၊ အသိပညာပေးခြင်းနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းဖြစ်သည့် ရေတွင်း/ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို၊ ဇွန်(၁၆)ရက်နေ့ နံနက်(၉)နာရီက ကျောင်းကျန်းမာရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ မြို့မကွက်သစ်ရပ်ကွက် မူလတန်းလွန်ကျောင်းနှင့် ဈေးကွက်သစ်ရပ်ကွက် မူလတန်းကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 16,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ ကျောင်းပြင်ပအသိပညာဗsဟုသုတတိုးပွားစေရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် မူးယစ်ဆေးဝါး ၏ဆိုးကျိုးအန္တရာယ်များကို သိရှိစေရန်ရည်ရွယ်၍  မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခြင်းကို  ယနေ့နံနက် ၁၀ နာရီက သာစည်ကျေးရွာ အခြေခံ ပညာမူလတန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့သည်။
Jun 16,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစီအစဥ်ဖြင့် ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးသို့ စာအုပ်စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။