အမြို့မြို့အနယ်နယ်သတင်းများ

Jun 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်း စံပြစိုက်ကွက်များ၊ စံပြစမ်းသပ်စိုက်ကွက်များ ဆောင်ရွက်စိုက်ပျိုးခဲ့ကြသည့် အကျိုးဆောင် တောင်သူများ အား မျိုးစေ့နှင့်ဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က လားရှိုးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမတွင် ကျင်းပသည်။
Jun 15,2023
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ကျောင်းစာအပြင် ပြင်ပဗဟုသုတရှာဖွေရန် စိတ်ဝင်စားသည့် ကလေးသူငယ်များအနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ စာပေဖတ်ရှုလေ့လာသူများ တစ်နေ့ထက်တစ်နေ့ ပိုမိုများလာကြောင်း သိရသည်။
Jun 15,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က ပလောက်ကျောင်းတွင် ကျင်းပခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Jun 15,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဌာနတို့ပူးပေါင်း၍ အုတ်ဖိုမြို့နယ်၊ သဖန်းပင်ဆိပ်ကျေးလက်ကျန်းမာရေးဌာနသို့ သွားရောက်ကာ လုပ်ငန်းဆောင်ရွက်မှုများကို ကွင်းဆင်းကြည့်ရှုခြင်းနှင့် ကျန်းမာရေးစစ်ဆေးကုသခြင်းကို ယမန်နေ့က ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
Jun 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မန်ဟဲကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲ(၁) နာရီက အသိပညာပေး ဟောပြောပွဲ နှင့်အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
Jun 15,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့၏ဦးဆောင်မှု၊ မြို့နယ်သစ်တောဦးစီးဌာန၏ စီစဥ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်ကျင်းစိမ်းလန်းစိုပြေရေး၊ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းနှင့် အပူချိန်လျှော့ချစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက်(၇)နာရီအချိန်က မြို့ရှောင်လမ်း လမ်းဘေးဝဲယာတွင် စိုက်ပျိုး ခဲ့ကြောင်း သိရသည်။
Jun 15,2023
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။ 
Jun 15,2023
ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ကလေးသူငယ်များအား ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရေးအတွက် သဲကုန်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မြို့နယ်၊ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက သဲကုန်းမြို့ပေါ် ရပ်ကွက်များ၊မြို့နယ်အတွင်းရှိ ကိုယ်ဝန်​ဆောင်မိခင်များအားကျန်းမာရေး အသိပညာ ဗဟုသုတရရှိစေရန်နှင့်  ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍