ပေါင်မြို့နယ် ရက်(၁၀၀)စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သဘာဝမြေဩဇာထုတ်လုပ်နည်း သင်တန်းဖွင့်ပွဲပြုလုပ်

ပေါင် မေ ၁၉

မွန်ပြည်၊ပေါင်မြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သဘာဝမြေဩဇာ ထုတ်လုပ်နည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၁၀)နာရီက သဲဖြူကုန်းကျေးရွာအုပ်စု၊ ကန်ဖြူကျေးရွာခန်းမ၌ ပြုလုပ်ခဲ့ရာ ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆုစန္ဒီအောင်နှင့်ဝန်ထမ်းများ၊ သထုံခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်မာဝင်း၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းခိုင်၊သမဝါယမဦးစီးဌာနမှ ဒေါ်သင်းသင်းယု၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဇော်နှင့် သင်တန်းသား၊သင်တန်းသူ(၂၀)ဦး တက်ရောက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆုစန္ဒီအောင်က အီးအမ်ဘိုကာရှီမြေဆွေးပြုလုပ်ခြင်း၊ ငါးအမိုင်နိုအက်ဆစ် သဘာဝရွက်ဖြန်း မြေဩဇာပြုလုပ်ခြင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲပေးခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် မီးခိုးမြူငွေ့ကင်းစင်ရေးစသည့် တောင်သူများအတွက် အကျိုးကျေးဇူးများရရှိပါကြောင်း အမှာစကားပြောကြားခဲ့ပြီး သင်ထောက်ကူပစ္စည်းများ ပေးအပ်ကာ မှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့သည်။

ဆက်လက်၍ သထုံခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်မာဝင်းက သဘာဝမြေဩဇာ ထုတ်လုပ်နည်းသင်တန်းကို ဆက်လက်ပို့ချခဲ့သည်။ အဆိုပါသင်တန်းကို မေလ(၁၉)ရက်နေ့မှ (၂၁)ရက်နေ့အထိ (၃)ရက်ကြာ စာတွေ့လက်တွေ့ဖြင့် သင်ကြား ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)