ပေါက်ခေါင်း မေ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ ပင်စင်စား အငြိမ်းစားဝန်ထမ်းများအတွက် ပင်စင်လစာများကို လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါပင်စင်လစာများထုတ်ပေးရာတွင် မြန်မာ့စီးပွားရေးဘဏ်ခွဲမန်နေဂျာနှင့် ဝန်ထမ်းများကကြီးကြပ်၍ ပင်စင်စားအငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာများထုတ်ယူရာတွင် စနစ်တကျရှိစေရေး၊ လိုအပ်သောအချက်အလက်များအား မှန်ကန်စေရေးအတွက် နံနက် (၉) နာရီမှ မွန်းလွဲ (၂) နာရီအထိ ထုတ်ပေးလျက်ရှိပြီး ပေါက်ခေါင်းမြို့နယ်တွင် ပင်စင်စားအငြိမ်းစားဝန်ထမ်းဦးရေ (၄၀၀) ကျော်ရှိကြောင်းနှင့် ရပ်နီး၊ ရပ်ဝေးမှ ပင်စင်စားအငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာများကို လာရောက်ထုတ်ယူရာတွင် ပိုမိုလွယ်ကူအဆင်ပြေချောမွေ့စေရန်အတွက် ပင်စင်လစာများကို တစ်ရက်တည်းသာ ထုတ်ပေးခြင်းမဟုတ်ဘဲ လစဉ် (၂၁) ရက်နေ့နောက်ပိုင်း ရုံးဖွင့်သည့်ရက်များတွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပေါက်ခေါင်းမြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲမှ သိရသည်။
ဖုန်းကျော်ဇင် (ပြန်/ဆက်)