သံဖြူဇရပ် မေ ၂၁
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင်၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့မှပူးပေါင်း၍ မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ်ဆိုင်ရာရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို မေ ၂၁ ရက် နံနက်၉ နာရီအချိန်က ပငကျေးရွာ ကြက်တညင်စေတီ ဓမ္မာရုံ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသူရဦးက မိုးကြိုကာကတွင်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့် ဆောင်ရန်/ရှောင်ရန်အချက်များကိုလည်ကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးအောင်ကျော်ထွေးက မီးဘေးအန္တရာယ်များနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ပုံ နည်းစနစ်များနှင့် သဘာဝဘေးဖြစ်ပွားလာပါက ဆောင်ရန်ရှောင်ရန်အချက်များကိုလည်ကောင်း လက်တွေ့သရုပ်ပြရှင်းလင်းဆွေးနွေးပြီး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးစိုးမင်းက သဘာဝဘေး ဖြစ်ပေါ်လာပါက ရှေးဦးပြုစုဆောင်ရွက်မှုများနှင်ပတ်သက်၍ ဆောင်ရွက်ရမည့် နည်းလမ်းများကို လက်တွေ့သရုပ်ပြခြင်းများဆောင်ရွက်ခဲ့ကြပြီး၊ မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေး အတွက်သဏ္ဍန်တူဇတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ပငကျေးရွားအုပ်စု၊ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများနှင့် ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြကြောင်းနှင့် မြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များမှ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)