ပိုင်ကျုံ မေ ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင် လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့ စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ ကြက်တူရွေး ကျေးရွာ၌ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့များထောက်ပံ့ပေးအပ်ခြင်းနှင့် ထည့်သွင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနားကို မေ ၂၁ ရက် နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားတွင် မြို့စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစိုးမင်းထွန်းက သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်းကြဲပက်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်းကြဲပက်စိုက်ပျိုးမည့်တောင်သူများထံ မျိုးစေ့များအား ထောက်ပံ့ပေးအပ်ခဲ့ပြီး ကြက်တူရွေးကျေးရွာ၊ တောင်သူ ဒေါ်မမကြီး၏ လယ်မြေ (၃) ဧကတွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲ ဆက်လက်ဆောင်ရွက်သည်။
ပိုင်ကျုံမြို့တွင် ၂၀၂၆-၂၀၂၇ခုနှစ်အတွင်း သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ဧက (၂၀၀) ထည့်သွင်းကြဲပက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နော်ခူး (ပြန်/ဆက်)