အိမ်မဲမြို့တွင် ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ်စိုက်ထူပြီး အမွှေးနံ့သာရည်များပက်ဖျန်း

အိမ်မဲ မေ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့နယ်ပညာရေးမှူးရုံးမှ ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက်(၇)နာရီအချိန်က အထက်ပိုင်းရပ်ကွက် မြို့မလူငယ် လေ့ကျင့်ရေးဘောလုံးကွင်း(သဲကွင်း)ရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့်အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ လူရည်ချွန် (၅) ဦးနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကာ တာဝန်ရှိသူများက အဆိုပါမြေစိုက်ဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ ကြောင်း သိရသည်။

ကျောင်းအပ်နှံရေးသီတင်းပတ်၏ ဆောင်ပုဒ်မှာ “နိုင်ငံတော်စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေ အရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့”ဖြစ်ပြီး ကျောင်းအပ်နှံရေးသီတင်းပတ်မှာ ၂၀၂၆ ခုနှစ် မေလ (၂၅) ရက်နေ့မှ  (၃၁)ရက်နေ့ထိဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ချစ်သက်လယ်