သထုံခရိုင်၏ ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

သထုံ မေ ၂၁

မွန်ပြည်နယ်၊ သထုံခရိုင်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နေ့လယ်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ဦးစွာ ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုး‌အောင်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းအမှာစကားပြောကြားပြီး ခရိုင်စီမံကိန်းဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းအောင်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်းလုပ်ငန်းများ၏ ကဏ္ဍအလိုက် အားသာချက်၊ အားနည်းချက်များနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လယ်ယာကဏ္ဍ၊စက်မှုကဏ္ဍ၊ဝန်ဆောင်မှုကဏ္ဍနှင့် သထုံမြို့နယ်၊ပေါင်မြို့နယ်တို့အတွက် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များကို တာဝန်ပေးအပ်ရာ ကဏ္ဍအလိုက် တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သထုံမြို့နယ်နှင့် ပေါင်မြို့နယ်တို့မှ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်