သင်္ဃန်းကျွန်းမြို့နယ်၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူခြင်း အခမ်းအနားကျင်းပ

သင်္ဃန်းကျွန်း မေ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူခြင်း အခမ်းအနားအား အဆိုပါကျောင်းရှေ့၌ ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ သင်္ဃန်းကျွန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဠ ဦးလှမျိုး၊ သင်္ဃန်းကျွန်းခရိုင်ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်ငွေသိန်း၊ အ.ထ.က (၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်စမ်းစမ်းမြင့်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်မင်းထွန်း၊ ခရိုင်အဆင့်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ/ ဆရာမများက ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာဆိုင်းဘုတ်အား ဖွင့်လှစ်ပေးခဲ့ကြသည်။

၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းသား / ကျောင်းသူများ ကျောင်းအပ်နှံရေးသီတင်းပတ်အား ၂၀၂၆ ခုနှစ် မေလ (၂၅) ရက်နေ့မှ ၂၀၂၆ ခုနှစ် မေလ (၃၁) ရက်နေ့ထိ နံနက်ပိုင်းမှစတင်ကာ ဖွင့်လှစ်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်မိုး (သင်္ဃန်းကျွန်း)