ပုဇွန်တောင်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက်  “နိုင်ငံတော် စဥ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့”  ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာများ စိုက်ထူ

ပုဇွန်တောင် မေ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၂၀၂၆-၂၀၂၇ ပညာသင်နှစ် အတွက် “နိုင်ငံတော်စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်း အပ်နှံကြပါစို့”  ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက်ပိုစတာများစိုက်ထူခြင်းကို ယနေ့နံနက် ပိုင်းက  ပုဇွန်တောင်ဈေးနှင့်အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကျောင်းအပ်နှံရေးသီတင်းပတ်  မြေစိုက်ပိုစတာများ စိုက်ထူရာ၌ ဗိုလ်တထောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒေါ်တင်မိုးမိုးအေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ် ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် အဖွဲ့၀င်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စန်းဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁)ဦးစည်သူကြည်မြင့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၂)ဦးစိုးမြင့်၊    မြို့နယ်ပညာရေးမှူး ဆရာမကြီး  ဒေါ် လှလှဇံနှင့် ဆရာ၊ ဆရာမများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်နှင်းနှင်းအေးနှင့်အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်း အပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာများကို သတ်မှတ်နေရာများတွင် စိုက်ထူခဲ့ကြသည်။

ပုဇွန်တောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ(၁၆)ကျောင်းရှိပြီး ပုဇွန်တောင်ဈေးရှေ့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းနှင့်အမှတ်(၉)အခြေခံပညာမူလတန်းကျောင်းတို့၌ ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေး မြေစိုက်ပိုစတာများစိုက်ထူထားရှိပြီး ကျောင်းအပ် လက်ခံခြင်းများကို မေလ (၂၅) ရက်နေ့မှစတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၆ ခုနှစ်၊ မေလ(၂၅)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ သတ်မှတ်ထား ကြောင်း သိရသည်။

ဟန်စုယဉ်(ပုဇွန်တောင်)