ရွှေတောင်မြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲကျင်းပ

ရွှေတောင် မေ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူခြင်းကို မေလ(၂၁)ရက်နေ့ နံနက်(၉း၃၀)နာရီအချိန်က ရွှေတောင်မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် ပြုလုပ်သည်။

အဆိုပါ ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ်စိုက်ထူပွဲတွင် ( မြို့နယ် ပညာရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ)ကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့ဝင်များ၊ မြို့နယ် ပညာရေးမှူးရုံး မြို့နယ်ပညာရေးမှူး နှင့် ဝန်ထမ်းများ၊ မြို့ပေါ်ရှိ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ တက်ရောက်ကြပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြကြောင်းသိရသည်။

ကိုကိုမင်း ( ပြန်/ ဆက်)