အင်းစိန် မေ ၂၁
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူများအား အသိပညာဗဟုသုတများ တိုးပွားရရှိပြီး စာဖတ်ရှိန် ပိုမိုမြင့်မားလာစေရန် ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (Mobile Library Bus) ဖြင့် ဝန်ထမ်းများ၊ပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူများ လက်ဝယ်အရောက် စာအုပ်များ သွားရောက်ငှားရမ်းပေးလျက်ရှိရာ ယနေ့ မေလ -၂၁ ရက်နေ့တွင် အင်းစိန်မြို့နယ် စည်ပင်သာယာရေးဦးစီးဌာရုံးနှင့် အကျဥ်းဦးစီးဌာနဝန်ထမ်းအိမ်ရာများထံသို့ သွားရောက်ပြီး သုတ/ရသ စာအုပ်၊စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့သည်။
အဆိုပါရွေ့လျားစာကြည့်တိုက်ယာဉ်ပေါ်တွင် စာအုပ်များ ငှားရမ်းဖတ်ရှု့သူများ အဆင်ပြေစေရေးအတွက် စာဖတ်သူအကြိုက် စာအုပ်၊စာစောင်များကို နှစ်ပတ်တစ်ကြိမ် သွားရောက် ငှားရမ်းပေးလျက်ရှိရာ ဌာနဆိုင်ရာဝန်ထမ်းများ ၊ပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူများက အထူးသဘောကျ နှစ်ခြိုက်လျက်ရှိကြောင်းသိရသည်။
အသိပညာဗဟုသုတများစွာရရှိမည့် သုတ/ရသ၊မဂ္ဂဇင်း၊ ဝတ္တု၊ရုပ်ပြစာအုပ်များ ပါရှိပြီး စာအုပ်အသစ်များကိုလည်း စဉ်ဆက်မပြတ်လဲလှယ်ပေးလျက်ရှိရာ ယခင်ငှားရမ်းပေးခဲ့သော စာအုပ်များကို လက်ခံရယူခဲ့ကြပြီး ဆက်လက်ငှားရမ်းပေးခဲ့ရာ ယခုငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တပတ်တစ်ပတ်ပြည့်လျှင် စာအုပ်အသစ်များဖြင့် ထပ်မံလဲလှယ် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)