Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရေစကြိုမြို့နယ်၌ "နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့" မြေစိုက်ပိုစတာစိုက်ထူ
May 22,2026
ရေစကြိုမြို့နယ်၌ "နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံးကျောင်းအပ်နှံကြပါစို့" မြေစိုက်ပိုစတာစိုက်ထူပွဲကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံးရှေ့နှင့် မြို့အဝင်လမ်းဆုံ၊ အ.ထ.က စိတ္တသုခကျောင်းရှေ့တို့တွင် စိုက်ထူခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရောမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
May 22,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပေးနှိုးဆော်ခြင်းများကို ယမန်နေ့နံနက်ပိုင်းက ကျိုက်မရောမြို့ပေါ်ရှိ လူစည်ကားရာနေရာများ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်လင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲကျင်းပ
May 22,2026
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များမှ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇမ္ဗူသီရိမြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစက်ခလုပ်နှိပ် ဖွင့်လှစ်
May 22,2026
"နိုင်ငံတော်စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဟူသော ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေး သီတင်းပတ်ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ကြားနိုင်ရေး နှိုးဆော်တိုက်တွန်းသည့်အနေဖြင့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက်၊ မြို့မဈေးမီးပွိုင့်အနီးနှင့် သပြေကုန်းရပ်ကွက်၊ နေပြည်တော် ရေပန်းဥယျာဉ်မုခ်ဦးအနီးတွင် ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲကို ယမန်နေ့နံနက်ပိုင်းက အသီးသီးကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဥတ္တရသီရိမြို့နယ်၌ အိမ်ခြံဝင်း (Home Gardening) စိုက်ပျိုးရန်အတွက် ပျိုးပင်များ ပေးအပ်
May 22,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အိမ်ခြံဝင်း (Home Gardening) စိုက်ပျိုးရန်အတွက် ပျိုးပင်များ ကျေးရွာများရှိ ပြည်သူများသို့ ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မင်းကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်နိုင် ပွင့်ဖြူမြို့နယ်အတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စ…
May 22,2026
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးအောင်နိုင်သည် တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက် ၇ နာရီက ပွင့်ဖြူမြို့နယ်အတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဌာနပိုင်အဆောက်အဦများနှင့် လူနေအိမ်ထိခိုက်ပျက်စီးမှုအခြေအနေများကို လာရောက်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမင်းမြင့်မောင်လေး သထုံမြို့ရှိ ပြည်နယ်ငါးလုပ်ငန်းစခန်းနှင့် ပေါင်မြို့နယ်၊ ကျုံကဥယျာဉ်ခြံ၏ လုပ်…
May 22,2026
ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့် တာဝန်ရှိသူများသည် မေလ ၂၀ ရက်နေ့နံနက်ပိုင်းက မွန်ပြည်နယ်၊ ငါးလုပ်ငန်းစခန်း(သထုံ)သို့ ရောက်ရှိစစ်ဆေးရာ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူးနှင့် တာဝန်ရှိသူတို့က လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက မွန်ပြည်နယ်အတွင်း ရေချိုငါး၊ ပုဇွန်မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ဆောင်နိုင်ရေး၊ ငါးစားသုံးမှုဖူလုံပိုလျှံမှုရှိစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်စေရေး၊ ငါးသားပေါက်စခန်းမှ သင်တန်းသားများခေါ်ယူ၍ အခြားမြို့နယ်များ၌လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေးတို့ကိုမှာကြားကာ ပြည်နယ်ငါးလုပ်ငန်းစခန်း၏ ရေချိုငါးမွေးမြူရေးကန်များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ရွှေမြို့နယ်၌ အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးမျိုးများ ဆေးထိုးသားဖောက်ခြင်း သင်တန်းဖွင့်လှစ်
May 22,2026
ဒေသတွင်း ငါးမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်နှင့် ငါးမွေးမြူရေးနည်းပညာများ ဖြန့်ဝေပေးနိုင်ရန်ရည်ရွယ်၍ အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးမျိုးများ ဆေးထိုးသားဖောက်ခြင်းသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် တိလောစခန်းကြီးကျေးရွာအုပ်စု ရွှေရန်ပြေကျေးရွာရှိ ညောင်ရွှေငါးသားဖောက်စခန်း၌ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
100
Page
101
Page
102
Page
103
Current page
104
Page
105
Page
106
Page
107
Page
108
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department