တမူး မေ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ပထမ ရက်(၁၀၀) စီမံချက်ဖြင့် ကျန်းမာရေးအသိပညာမြှင့် တင်ရေးလုပ်ငန်းများ၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများကိုအရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မေလ ၂၀ ရက်နေ့ နံနက် ၈ နာရီက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ဖွင့်လှစ်မည့် အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများ၌ မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ ပညာရေးဌာန၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်ရေးအတွက် ခြင်ခိုအောင်းနိုင်သောနေရာများတွင် (ဖုံး၊ သွန်၊ လဲ၊ စစ်) ဆောင်ရွက်ခြင်း၊ ရေလှောင်ကန်များတွင် အဘိတ် (Abate)ဆေးခတ်ခြင်းများကိုဆောင်ရွက်ခဲ့ကြပြီး ခြင်ပေါက်ပွားမှု၊ ခြင်ခိုအောင်းမှုလျှော့နည်းစေရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေ ရေးတို့အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် တာဝန်ရှိသူများက အသိပညာပေး ပြောကြားခဲ့ကြောင်းသိရသည်။
ရတနာ