တမူး မေ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်း နေအရွယ် ကလေးများအားလုံး ရာနှုန်းပြည့်ကျောင်းအပ်နှံနိုင်ရေးအတွက် အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးကြေညာခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် စာရင်းကောက်ယူခြင်းများကို မေလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ရပ်ကွက်များအတွင်း လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ရပ်ကွက်များရှိ လူစည်ကားသည့်နေရာများတွင် အသံချဲ့စက်ဖြင့် ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များနှင့် ရာနှုန်းပြည့်ကျောင်းအပ်နှံရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်နှိုး ဆော်ခြင်းနှင့် ရပ်ကွက်များအတွင်း နေအိမ်များအလိုက် ပညာရေးဝန်ထမ်းများက ကျောင်းသား/ကျောင်းသူစာရင်း ကောက်ယူခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရတနာ