ကော့မှူးမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူ

ကော့မှူး မေ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အတွက် “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာစိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက်(၈)နာရီက ကော့မှူးမြို့နယ်မြို့မဈေးရှေ့၊ မြို့နယ်ပညာရေးမှူးရုံးရှေ့နှင့် အခြေခံပညာ အထက်တန်းကျောင်း (ကော့မှူး)ရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဦးစွာ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇင်ဟိန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးမင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးသန်းထွန်းအောင်၊ ကျောင်းအုပ်ကြီးများနှင့်  ဆရာ၊ဆရာမများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး  ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက်ပိုစတာများအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

ကော့မှူးမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် မေ (၂၅)ရက်မှ မေလ(၃၁)ရက်နေ့ထိ ကျောင်းသား၊ ကျောင်းသူများအား လက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှူး ဦးသန်းထွန်းအောင်ထံမှ သိရသည်။

ကျော်သူရ(ပြန်/ဆက်)