အိမ်မဲမြို့တွင် စည်ပင်ဝန်ထမ်းများနှင့် ကုန်တင်ကုန်ချအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်ပေး

အိမ်မဲ မေ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ဆေးရုံတွင်နိုင်ငံတော်အစိုးရ၏ရက် (၁၀၀) စီမံချက်အား အကောင်အထည်ဖော်ဆောင်မှုအနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ မြို့နယ်စည်ပင်ဝန်ထမ်းများနှင့် ကုန်တင်ကုန်ချအလုပ်သမားများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် လိုအပ်သော ကုသမှုများပေးခြင်းကို ယနေ့နံနက် (၈)နာရီ (၃၀)မိနစ်အချိန်ကဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဆုဝေထွန်း နှင့်ဝန်ထမ်းများက မြို့နယ်စည်ပင်ဝန်ထမ်းများ၊ ကုန်တင်ကုန်ချ အလုပ်သမားများအား သွေးဖောက်စစ်ဆေးခြင်း၊ ECG စစ်ဆေးခြင်း၊ လိုအပ်သောကျန်းမာရေး အသိပညာပေးခြင်းနှင့်သောက်ဆေးများပေးခြင်းတို့ကိုဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှာက်ရေးအသင်းတို့မှ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)