မအူပင်ခရိုင်မီးသတ်ဦးစီးမှူးဦးစိုးမိုးထွန်းနှင့် မြို့နယ်အတွင်းရှိအရန် မီးသတ်တပ်ဖွဲ့ဝင်များ တွေ့ဆုံပွဲကျင်းပ

မအူပင်    မေ   ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ခရိုင်မီးသတ် ဦးစီးမှူးဦးစိုးမိုးထွန်းနှင့် မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များတွေ့ဆုံပွဲအား ယမန်နေ့ ညနေ (၅) နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်သည်။

ဦးစွာ မအူပင်ခရိုင်မီးသတ်ဦးစီးမှူးဦးစိုးမိုးထွန်းမှ တွေ့ဆုံပွဲကျင်းပရခြင်း၏ရည်ရွယ်ချက် များအားရှင်းလင်းပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဌေးမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ လုပ်ငန်းဆောင် ရွက်နေမှုအခြေအနေများအားရှင်းလင်း တင်ပြသည်။ ဆက်လက်၍ အရန်မီးသတ်ဒုတိယ တပ်ရင်းမှူးဦးသန်းဌေးမှတပ်ဖွဲ့ဝင်များအား စေတနာ့ဝန်ထမ်းများ လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များအား ချပြရှင်းလင်းခဲ့သည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ခရိုင်မီးသတ်ဦးစီးမှူးဦးစိုးမိုးထွန်းနှင့် ခရိုင်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးဇော်မျိုးဌေးနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မအူပင်မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ စုစုပေါင်းအင်အား (၅၀)ဦးခန့်တက် ရောက်ခဲ့ကြကြောင်းသိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)