အုတ်ဖို မေ ၂၁
ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရန် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးဆိုင်းဘုတ် စိုက်ထူပွဲကို မေ ၁၉ ရက်နေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က (အ.ထ.က) အုတ်ဖိုရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆိုင်းဘုတ်တွင် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” နှင့် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၅ ရက်မှ မေလ ၃၁ ရက်နေ့အထိ ဖြစ်ကြောင်းတို့ပါရှိပြီး ဆိုင်းဘုတ်ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုး၊ မြို့နယ်ပညာရေးမှူး ဒေါ်ခိုင်သီသီမွန်နှင့် ဌာနဆိုင်ရာများ၊ ဆရာ/ မများက ဝိုင်းဝန်းစိုက်ထူကြပြီး အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။
အောင်သူ (အုတ်ဖို)