ညောင်ရွှေ မေ ၂၂
ဒေသတွင်း ငါးမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်နှင့် ငါးမွေးမြူရေးနည်းပညာများ ဖြန့်ဝေပေးနိုင်ရန်ရည်ရွယ်၍ အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးမျိုးများ ဆေးထိုးသားဖောက်ခြင်းသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် တိလောစခန်းကြီးကျေးရွာအုပ်စု ရွှေရန်ပြေကျေးရွာရှိ ညောင်ရွှေငါးသားဖောက်စခန်း၌ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရှိရသည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးမင်းမင်းက သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး ညောင်ရွှေငါးလုပ်ငန်း စခန်းတာဝန်ခံ ဦးရဲမင်းဦးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးမျိုးများ ဆေးထိုးသားဖောက်ခြင်း ရက်တိုသင်တန်းကို (၃)ရက်တာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ ဒေသခံငါးမွေးတောင်သူများနှင့် ငါးမွေးမြူရေးလုပ်ငန်းကို စိတ်ပါဝင်စားသူ စုစုပေါင်း(၂၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ