ကျိုက်မရော မေ ၂၂
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပေးနှိုးဆော်ခြင်းများကို ယမန်နေ့နံနက်ပိုင်းက ကျိုက်မရောမြို့ပေါ်ရှိ လူစည်ကားရာနေရာများ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ပညာပေးနှိုးဆော်ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစွမ်းရည်ထက်နှင့်ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးညဏ်လင်းနှင့်ဆရာမများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက မြို့မစျေးကြီးနှင့် လူစည်ကားရာနေရာများတွင် လမ်းသွားလမ်းလာပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ ယင်းနောက် ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် နှိုးဆော်အသိပညာပေးခဲ့သည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)