အမြို့မြို့အနယ်နယ်သတင်းများ

May 22,2026
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ခန်းမ၌ မြို့နယ်စာအုပ်စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာမ ခင်စောတင့် ရေးသားသော စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများစာအုပ်ကို ယနေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်သည်။
May 22,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ယမန်နေ့ ညနေ ၆ နာရီအချိန်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်းတို့ကြောင့် လွယ်ပွတ်ကျေးရွာအုပ်စု၊ ကောင်ဝါးတောင်ကျေးရွာ၌ မိုးကြိုးထိမှန်၍ နွားကောင်ရေ (၅၀)ခန့် သေဆုံးခဲ့ကြောင်း သိရသည်။
May 22,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ကျောင်းအပ်နှံရေးသီတင်းပတ် “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာစိုက်ထူခြင်းကို မေလ ၂၁ ရက် နံနက်ပိုင်းက ကန်ကြီးထောင့်မြို့အဝင်မာလာကုန်း လမ်းဆုံတွင် စိုက်ထူခဲ့ကြသည်။
May 22,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည်ရွေးချယ်ခန့်ထားနိုင်‌ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်းကို ယခုရက်သတ္တပတ်အတွင်း၌ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၈၆) အုပ်စုတွင် မြို့နယ်ဌာနဆိုင်ရာများ ပါဝင်ဖွဲ့စည်းထားသော မြို့နယ်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
May 22,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် တိရစ္ဆာန်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း ကွင်းဆင်းဆောင်ရွက်မှုကို ၂၀၂၆ ခုနှစ် ယနေ့နံနက်ပိုင်းက ယမ်းမိုင်ကျေးရွာအုပ်စု၊ ယမ်း‌မိုင်ကျေးရွာအတွင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 22,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကြံခင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသော ဆုံလဲကျေးရွာ အုပ်စု၊ ရွာသစ်ကုန်းကျေးရွာ၌ မေ ၂၀ ရက်နေ့က တွင်းနက်ဆက်စပ်လုပ်ငန်း‌ဆောင်ရွက်နေမှုများအား တိုင်းဒေသကြီးဦးစီးမှူးနှင့်အတူ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
May 22,2026
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ မွန်းလွဲပိုင်းက Book Club အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်လူငယ်များနှင့် စာဖတ်ဝိုင်း ကျင်းပသည်။