အမြို့မြို့အနယ်နယ်သတင်းများ

Jun 27,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အဆင့် အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေအုပ်ရေးဦးစီးဌာန မြဧရာ(၂)ခန်းမ၌ ကျင်းပပြုလုပ်သည်။
Jun 27,2025
မန္တလေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍  ဧရာဝတီမြစ်အတွင်း ဇွန် ၂၇ရက် နံနက် ၈နာရီက မန္တလေး အောင်မြေသာစံမြို့နယ် မင်းတဲအီကင်းရပ်ကွက်၊၂၂လမ်းနှင့်မြို့ပတ်လမ်းထောင့်ရှိ ကျွဲစွန်းဆိပ်ကမ်းတွင် ငါးခုံးမကြီးကောင်ရေ နှစ်သိန်း၊ ရွှေဝါငါးကြင်းကောင်ရေ နှစ်သိန်းခွဲ၊ ငါးမြစ်ချင်းကောင်ရေ နှစ်သိန်းခွဲ  စုစုပေါင်း ငါးကောင်ရေခုနစ်သိန်းစိုက်ထည့်ပွဲ ကျင်းပသည်။
Jun 27,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘဝိုင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ဘဝိုင်းမြစိမ်းရောင်(ငါးကဏ္ဍ) ကျေးရွာစီမံကိန်း၏ တတိယအကြိမ် (၃)နှစ်မြောက် ချေးငွေပေးအပ်ခြင်း အခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 27,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဇွန် ၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကျင်းပခဲ့သည်။
Jun 27,2025
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနနှင့် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ရေပြင်ရှာဖွေကယ်ဆယ်ရေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာကန်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။
Jun 27,2025
မြန်မာ့အာမခံလုပ်ငန်း မိတ္ထီလာခရိုင်ရုံးမှ မီးအာမခံနှင့် မြေငလျင်အပိုအကာအကွယ် ယူထားသူများအား မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ပြင်းထန်မြေငလျင်ကြောင့် အဆောက်အဦများ ပျက်စီးခြင်းအတွက် အာမခံအကာအကွယ်ထားရှိသည့် ပေါ်လစီရှင် ၁၀ ဦးအတွက် မြေငလျင်အာမခံလျော်ကြေးငွေကျပ် သိန်း ၁၅၀၀ ကို ပေးအပ်ခဲ့ကြောင်း သိရသည်။