ရေစကြို မေ ၂၂
ရေစကြိုမြို့နယ်၌ "နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံးကျောင်းအပ်နှံကြပါစို့" မြေစိုက်ပိုစတာစိုက်ထူပွဲကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံးရှေ့နှင့် မြို့အဝင်လမ်းဆုံ၊ အ.ထ.က စိတ္တသုခကျောင်းရှေ့တို့တွင် စိုက်ထူခဲ့သည်။
အဆိုပါ ကျောင်းအပ်နှံရေးမြေစိုက်ပိုစတာစိုက်ထူပွဲကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်ပြုံးဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အမွှေးနံသာရေများပက်ဖြန်းရာ ဆရာ၊ ဆရာမ စုစုပေါင်း(၄၅)ဦး တက်ရောက်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ရေစကြိုမြို့နယ်၌ ကျောင်းအပ်နှံရေးသတင်းပတ်အဖြစ် မေလ ၂၅ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူများကို လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဝေဇင်မို့(ရေစကြို)