ဇမ္ဗူသီရိမြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစက်ခလုပ်နှိပ် ဖွင့်လှစ်

ဇမ္ဗူသီရိ မေ ၂၂

"နိုင်ငံတော်စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့ဟူသော ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေး သီတင်းပတ်ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ကြားနိုင်ရေး နှိုးဆော်တိုက်တွန်းသည့်အနေဖြင့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက်၊ မြို့မဈေးမီးပွိုင့်အနီးနှင့် သပြေကုန်းရပ်ကွက်၊ နေပြည်တော် ရေပန်းဥယျာဉ်မုခ်ဦးအနီးတွင် ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲကို ယမန်နေ့နံနက်ပိုင်းက   အသီးသီးကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာများစိုက်ထူရာတွင် "နိုင်ငံတော်စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့" မြေစိုက်ပိုစတာကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ နေပြည်‌‌တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် အဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူးကြီး ရဲမိုး၊ ဦးမင်းဦး၊ ဦးခင်မောင်လတ်၊ ဦးအာင်ဇေယျ၊ ဦးထွန်းထွန်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ဦးနေမျိုးလှိုင်၊ နေပြည်တော် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်မင်းဦး၊ပျဉ်းမနားခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေဦး၊ ပျဥ်းမနားခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သိန်းထွန်းဇော်၊ ဇမ္ဗူသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေနော်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်နှင့် တိုင်းပညာရေးမှူး ဒေါက်တာကျော်လွင်၊ ဇေယျာသီရိခရိုင် ပညာရေးမှူး ဦးသူရခင်စိုး၊ လယ်ဝေးခရိုင်ပညာရေးမှူး ဒေါ်စန်းစန်းအေး၊ ပျဥ်းမနားမြို့နယ် ပညာရေးမှူး ဦးတင်ဆန်း၊ လယ်ဝေးမြို့နယ် ပညာရေးမှူး ဒါ်စန်းစန်းသွင်၊ဇေယျာသီရိမြို့နယ် ပညာရေးမှူး ဦးဝင်းသူနှင့် ဆရာ၊ ဆရာမများ၊ ရပ်ကွက်၊ ကျေးရွာများမှ တာဝန်ရှိသူများ အသီးသီးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်မှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်  ကျောင်းအပ်နှံရေးသတင်းပတ် မြေစိုက်ပိုစတာစက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး အထက (ဇယျာသီရိ ကျောင်းသား/သူ လေးများမှ မြန်မာ့ကျောင်းသီချင်းအား ဘင်ခရာ၊ပန်းပွားတို့ဖြင့် ဂုဏ်ပြုခဲ့ကြကြောင်း သိရှိရသည်။

တင့်ဖူးခိုင်(ပြန်/ဆက်)